ကျောက်ဆည်မြို့နယ် တမုတ်စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် နွေးသီးနှံမျိုးစုံ ဧက(၈၀၀၀)ကျော် လျာထားစိုက်ပျိုး

ကျောက်ဆည် မတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နွေသီးနှံများလျော့နည်းမှုမရှိစေရေး ၂၀၂၃-၂၀၂၄ ခုနှစ်တွင်  ဆည်၊ ကန်၊ တူးမြောင်းများအလိုက် နွေသီးနှံများကို လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရှိရပြီး တမုတ်စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် နွေသီးနှံမျိုးစုံ ဧက(၈၀၀၀)ကျော် လျာထားစိုက်ပျိုးလျက် သိရှိရသည်။

ထိုသို့နွေသီနှံများစိုက်ပျိုးရာတွင် လက်ပန်ပင်ကျေးရွာအုပ်စု၌ နွေစပါး(၂၈)ဧက၊ နွေနှမ်း(၅၀)ဧက၊ နွေပဲတီစိမ်း(၇၅)ဧက၊ မယ်ဇယ်ပင်ကျေးရွာအုပ်စု၌ နွေနှမ်း (၇၀) ဧက၊ နွေပဲတီစိမ်း (၁၁၀) ဧက၊ တံစိုးကျေးရွာ အုပ်စု၌ နွေနှမ်း (၃၀) ဧက၊ နွေပဲတီစိမ်း (၃၀၀) ဧက၊ သုငယ်တော်ကျေးရွာအုပ်စု၌ နွေနှမ်း(၂၅)ဧက၊ နွေပဲ (၁၇၀) ဧက၊ ပွတိ္တိုင်ကျေးရွာအုပ်စု၌ နွေနှမ်း (၈၈၇) ဧက၊ နွေပဲတီစိမ်း (၁၃၂) ဧက၊ မြောင်းဦးကျေးရွာအုပ်စု၌ နွေနှမ်း (၁၀၀) ဧက၊ နွေပဲတီစိမ်း (၃၅၃) ဧက၊ အနောက်သာဂရကျေးရွာအုပ်စု၌ နွေနှမ်း (၆၅၂) ဧက၊ နွေပဲတီစိမ်း (၁၂၅) ဧက၊ ရွာပုလဲကျေးရွာအုပ်စု၌ နွေနှမ်း (၃၄၆) ဧက၊ နွေပဲတီစိမ်း (၅၀) ဧက၊ ကတဲကျေးရွာအုပ်စု၌ နွေနှမ်း (၁၈၉) ဧက၊ နွေနှမ်း(၄၆၉)ဧက၊ ပနံကျေးရွာအုပ်စု၌ နွေနှမ်း (၇၅) ဧက၊ နွေပဲတီစိမ်း (၁၄၅) ဧက၊ ဇရပ်ဖြူကျေးရွာအုပ်စု၌ နွေနှမ်း (၃၃၅) ဧက၊ နွေပဲတီစိမ်း (၅၂) ဧက၊ သင်ပုတ်ကျေးရွာအုပ်စု၌ နွေနှမ်း (၈၃၅) ဧက၊ နွေပဲတီစိမ်း (၂၀) ဧက၊ ညောင်ရွှေကျေးရွာအုပ်စု၌ နွေနှမ်း (၄၅၀) ဧက၊ နွေပဲတီစိမ်း (၃၂) ဧက၊ အနောက်ရွာနန်းကျေးရွာအုပ်စု၌ နွေနှမ်း (၅၁၅) ဧက၊ နွေပဲတီစိမ်း (၁၄၀) ဧက၊ ငါးအိုးကျေးရွာအုပ်စု၌ နွေနှမ်း (၂၇၀) ဧက၊ နွေပဲတီစိမ်း (၂၅) ဧက၊ လက်ပန်ကျေးရွာအုပ်စု၌ နွေနှမ်း(၁၇၀)ဧက၊ နွေပဲတီစိမ်း(၄၈)ဧက၊ ညောင်ဝန်းကျေးရွာအုပ်စု၌ နွေနှမ်း (၄၆၅) ဧက၊ နွေပဲတီစိမ်း(၁၀၀)ဧက၊ ကြောင်ပန်းကုန်းကျေးရွာအုပ်စု၌ နွေနှမ်း (၂၅၅) ဧက၊ နွေပဲတီစိမ်း (၉၀) ဧက၊  စုစုပေါင်း နွေနှမ်းသီးနှံမျိုးစုံ (၈၂၂၈) ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။

တမုတ်ရှေ့တန်းစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် စိုက်ပျိုးထားသော နွေစပါး၊ နွေနှမ်းနှင့် နွေပဲတီစိမ်းသီးနှံများအောင်မြင်ဖြစ်ထွန်းရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းများမှ တောင်သူများနှင့်ပူးပေါင်းပြီး ဒေသနှင့်ကိုက်ညီသောမျိုးစေ့များ၊ စိုက်နည်းစနစ်များ၊ ရေပေးဝေခြင်းများ စနစ်တကျကူညီပေးလျက်ရှိကြောင်း သိရှိရသည်။   

သက်မောင်(ကျောက်ဆည်)