မရမ်းကုန်း မတ် ၂၀
ပူပြင်းသောနွေရာသီသို့ရောက်ရှိလာပြီဖြစ်သောကြောင့် ရေလိုအပ်ချက် ဖြစ်ပေါ်သော နေရာဒေသများအနေဖြင့် မရမ်းကုန်းမြို့နယ် ရွှေရောင်သမိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုအသင်းသို့ ရေအကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။
နွေရာသီတွင် ရေတွင်းရေကန်များ ခန်းခြောက်၍သော်လည်းကောင်း၊ ရေစက်ချွတ် ယွင်း၍သော်လည်းကောင်း ရေပြတ်လပ်မှုရှိခဲ့ပါက သို့မဟုတ် ရေအကူအညီ တောင်းခံလိုပါက ရွှေရောင်သမိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း တည်ရှိရာ အမှတ် (၈) မိသားစုလမ်း သမိုင်းလမ်းဆုံနှင့် မုဒိတာအိမ်ရာ(၁) အနီး အမှတ်(၂) ရပ်ကွက် မရမ်းကုန်းမြို့နယ်သို့ ၂၄ နာရီ ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း၊ ရွှေရောင်သမိုင်း ရေသယ်ယာဉ်များဖြင့် လက်လှမ်းမီသမျှ အခမဲ့ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယဉ်မော်(ပြန်/ဆက်)