ရွှေဘို မတ် ၂၀
ရွှေဘိုမြို့တွင် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Pfizer) အား ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ချမ်းမြေ့လေးထပ်ဆောင်တွင် ယနေ့နံနက် ၉နာရီမှ စတင်၍ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Pfizer) အား အသက် ၅၀ နှင့်အထက် နိုင်ငံ့ဝန်ထမ်းများ သို့(Pfizer Original Strain Comirnaty 30 micrograms/does)အားလည်းကောင်း၊ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများအား (Pfizer Variant Containing Vaccine (VCV) Comirnaty original / Omicron BA.4-5(15/15 micrograms) / does )အားလည်း ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Pfizer) အား လာရောက်ထိုးနှံပါက ယခင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံထားသည့် မှတ်တမ်းစာရွက်များ ယူဆောင်လာရန်၊ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံရန်အတွက် နောက်ဆုံးကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ ထားမှုကာလအနည်းဆုံး (၆)လ ရှိရမည်ဖြစ်ပြီး (Pfizer) ကာကွယ်ဆေး (၁)ပုလင်းတွင် လူ(၇)ဦး ထိုးနှံရမည် ဖြစ်ကြောင်းနှင့် သောကြာနေ့တိုင်း ကိုယ်ဝန်ဆောင်များအား ဆက်လက်ထိုးနှံပေးလျက်ရှိပြီး အသက်(၄၀)ကျော် နိုင်ငံ့ဝန်ထမ်းများ၊ ဒေသခံပြည်သူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ခရိုင်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ခရိုင်ဦးစီးမှူးထံမှ သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Pfizer)အား ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူ့ ကျန်းမာရေးဝန်ထမ်းများအား ၁၈.၃.၂၀၂၄ ရက်နေ့မှ ၂၂.၃.၂၀၂၄ရက်နေ့အထိ (၅)ရက်ကြာ ထိုးနှံပေးသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။
အောင်ထွန်းခိုင်