သင်္ဃန်းကျွန်း မတ် ၂၀
နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသားလူငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေပြီး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့်ကဗျာနှင့် စာပေများရေးသားရာတွင် လွယ်ကူစွာရေးသားတတ်စေရန်ရည်ရွယ်၍ ကဗျာနှင့်စာပေရေးသားနည်းသင်တန်းကို ယနေ့နံနက်(၁၁)နာရီအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဖွင့်လှစ်သင်ကြားခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင်လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လှလှနွယ်က ကျောင်းသားကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များ၌ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ယခုလိုသင်တန်းများဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုနောက်သင်တန်းနည်းပြ စာရေးဆရာမသဉ္ဇာလှိုင်(လားရှိုး)က မိမိတတ်မြောက်ကျွမ်းကျင်သည့် ပညာများအားကျောင်းသား၊ ကျောင်းသူများကိုပညာဒါနအဖြစ် မျှဝေသင်ကြားပေးရသည့်အတွက် ကျေနပ်မိကြောင်း သင်တန်းသားများကလည်း စိတ်ပါဝင်စားစွာသင်ယူကြရန်ပြောကြားခဲ့သည်။
ထို့နောက် ကဗျာနှင့်စာပေရေးသားနည်းသင်တန်းသင်တန်းကိုသင်ကြားပို့ချရာ ကျောင်းသား၊ ကျောင်းသူ(၂၈)ဦးတက်ရောက်ခဲ့ပြီ သင်တန်းကာလမှာ မတ်လ (၂၀)ရက်နေ့မှ (၂၆)ရက်နေ့အထိ နံနက် (၁၁)နာရီမှ နေ့လယ် (၁)နာရီအထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
လှလှနွယ်