မက်မန်း မတ် ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် ပြည်နယ်ဖြည့်စွက်ရန်ပုံငွေဖြင့် ဂါလံ(၃၀၀၀၀)ဆံ့ မြို့ရေပေးဝေရေး ရေစုကန်ဆောက်လုပ်နေမှုအား မြို့နယ်တည်ဆောက်ရေးကြီးကြပ်ရေးကော်မတီမှ ယမန်နေ့မွန်းလွဲပိုင်းချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့ရေပေးဝေရေး ရေစုကန်အား ပြည်နယ်စည်ပင်သာဉာရေးဦးစီးဌာန၏ ဖြည့်စွက်ရန်ပုံငွေဖြင့် ရွှေမိုင်းပျဉ်းကုမ္ပဏီမှ ခွင့်ပြုရန်ငွေ(၄၅၆)သိန်းဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အလျား၂၅ ပေ၊ အနံ ၂၅ ပေ၊ အမြင့် ၈ ပေ ၆လက်မဖြင့် အာစီအမျိုးအစားအား ဆောက်လျက်ရှိရာ အဆိုပါဆောက်လုပ်နေမှုအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီမှ ကွင်းဆင်းကြည့်ရှုခဲ့ခြင်းဖြစ်သည်။
မြို့ရေပေးဝေရေး ရေးစုကန်ဆောက်လုပ်နေမှုမှာ (၇၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အကုန်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စီပင်သာယာရေးဦးစီးဌာန၊ ဦးစီးမှူးထံမှ သိရသည်။
စောဥမ္မာ(ခရိုင်၊ ပြန်/ဆက်)