သာယာဝတီမြို့နယ်၌ အခြေခံပညာမူလတန်း၊ အလယ်တန်းအဆင့် စွမ်းရည်မြှင့်သင်တန်းပို့ချ

သာယာဝတီ မတ် ၂၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ အခြေခံပညာမူလတန်း၊ အလယ်တန်းအဆင့် စွမ်းရည်မြှင့်သင်တန်းကို အ.ထ.က (၁) သာယာဝတီပညာ့အားမာန်ခန်းမ၌ ယနေ့ နံနက် ၉ နာရီက သင်တန်းဖွင့်လှစ်ပို့ချခဲ့သည်။

သင်တန်းဖွင့်လှစ်ရာတွင် မြို့နယ်ပညာရေမှူး ဦးဝင်းနိုင်က အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးနေညွန့်ဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။ 

ထို့နောက် သင်တန်းအားဆက်လက်ပို့ချခဲ့ရာ မူလတန်းအဆင့်စွမ်းရည်မြှင့်သင်တန်းတွင် သင်တန်းသား ၈၁၁ ဦး၊ အလယ်တန်းအဆင့်စွမ်းရည်မြှင့်သင်တန်းတွင် သင်တန်းသား ၂၅၆ ဦးတို့အား မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်းနှင့်သိပ္ပံ ဘာသာရပ်များအား ဆွေးနွေးပို့ချသွားမှာဖြစ်​ပြီး သင်တန်းကာလမှာ မတ်လ ၂၅ ရက်နေ့မှ မတ်လ ၃၀ ရက်နေ့ထိပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)