ချီဖွေမြို့နယ်၌ (၇၉) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ချီဖွေ မတ် ၂၅

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၀န်ထမ်းများက (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်း အမှတ် သတင်းစကားလက်ကမ်း စာစောင်များကို ယနေ့ နံနက် (၁၀) နာရီအချိန်က ရပ်ကွက်နေပြည်သူများ၊ ဌာနဆိုင်ရာများ လက်ဝယ်အရောက် ဖြန့်ဝေပေးကြသည်။

သတင်းစကား လက်ကမ်းစာစောင်တွင် (၇၉) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ အမျိုးသားအကျိုးစီးပွားအတွက် ထမ်းဆောင် ဆောင်းပါး၊ ဆက်၍ချီပါ တပ်မတော်ကဗျာ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်၏ (၇၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နှုတ်ချက်များ၊ ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်း သိကောင်းစရာများ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန် ကာလ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ သိလိုသည်များကို စုံစမ်းမေးမြန်းနိုင်ရန် ဖုန်းနံပါတ်များ ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)