မြောက်ဥက္ကလာပ မတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအလယ်တန်းဆင့်နှင့် မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်း/ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ခရေခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မရမ်းကုန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ဖြိုးအောင်ဟိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်မို့မို့ခိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။
အဆိုပါ အခြေခံပညာအလယ်တန်းဆင့်တွင် နည်းပြဆရာ/ ဆရာမ (၂၀) ဦးက အလယ်တန်းပြ ဆရာ/ ဆရာမ (၃၆၀) ကျော်အား မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ်၊ ပထဝီ၊ သမိုင်း၊ သိပ္ပံဘာသာရပ်များနှင့် မူလတန်းဆင့်တွင် နည်းပြဆရာ/ ဆရာမ (၃၆) ဦးက မူလတန်းပြ ဆရာ/ ဆရာမ (၅၀၀) ကျော်အား မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ်၊ လူမှုရေး၊ သိပ္ပံဘာသာရပ်များအား မတ်လ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)