သတင်းများ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မိသားစုဝင်များနှင့် အမျိုးသမီးကော်မတီဝင်အလှူရှင်များတို့ ပူးပေါင်း၍ သီလရှင်စာသင်တိုက်များသို့ ဆွမ်းဆန်တော်၊ ဆီနှင့် နဝကမ္မဝတ္ထုငွေ လှူဒါန်းပွဲ ကျင်းပ
Mar 30,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ရွှေမှော်ဝန်းသာသနာ့ဗိမ္မာန်တော်ကြီး၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မိသားစုဝင်များနှင့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီဝင်အလှူရှင်များ ပူးပေါင်း၍ သန်လျင်ခရိုင်အတွင်းရှိ သီလရှင်စာသင်တိုက် (၄၄)ကျောင်းအား ဆွမ်းဆန်တော်ဆီနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့သည်၊၊
စလင်းမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ပျိုးပင်ပေါင်း (၁၀၅၃၃၃ )ပျိုးထောင်ထားရှိ
Mar 30,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင်  အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ကျေးရွာသုံးစိုက်ခင်းများ၊ တစ်အုပ်တစ်မစိုက်ခင်းများနှင့် ကျေးရွာ(၁)ရွာလျှင် (၂)ဧက စိုက်ပျိုးနိုင်ရေး၊ ပြည်သူကိုဗဟိုပြု၍ စိုက်ခင်းများအား  အိမ်ထောင်စုတိုင်း  ကျွန်း(၃)ပင်နှင့် သစ်မာပင်များ စိုက်ပျိုးနိုင်ရန် အခမဲ့ဖြန့်ဝေပေးနိုင်ရေးအတွက် ရည်ရွယ်ကာ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက်  ပျိုးပင်များအား  ပြုစုပျိုးထောင်ထားရှိကြောင်း  သိရသည်။
လှည်းကူးမြို့နယ်တွင် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်ပေး
Mar 30,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင်  အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ ၂၀၂၄ ခုနှစ် နွေရာသီအားကစားသင်တန်းများကို မတ်လ(၃)ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မိုင်းခတ်မြို့နယ်တွင် မိုင်းခတ်-မိုင်ယန်းသွားလမ်းနမ့်ဟူး‌ရေထွက်တွင် သန့်ရှင်းရေးလုပ်ငန်းများစုပေါင်းဆောင်ရွက်
Mar 30,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် တပ်ရင်းတပ်ဖွဲ့နှင့်ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ အပတ်စဉ်မြို့သန့်ရှင်းသာယာလှပရေးစုပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇)နာရီခွဲအချိန်က မိုင်းခတ်-မိုင်းယန်းသွားလမ်းနမ့်ဟူးရေထွက်အနီး သန့်ရှင်းရေးစုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ပခုက္ကူ)၌ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသော အမျိုးသမီးငယ် ၃၃၅၅ ဦးကို သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်
Mar 30,2024
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ပခုက္ကူ)၌ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသော အမျိုးသမီးများအတွက် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်ပညာသင်တန်းများအပြင် အခြားအသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများကို နှစ်စဉ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့အထိ အမျိုးသမီးငယ်သင်တန်းသူ ၃၃၅၅ ဦးကို သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း အဆိုပါသင်တန်းကျောင်းထံက သိရသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်းပေါ်ရှိ ဦးဇိနဘုရား အနီးပတ်ဝန်းကျင်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကြည့်ရှုအားပေး
Mar 30,2024
မော်လမြိုင်မြို့ရှိ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများသည် ယနေ့နံနက်ပိုင်းက တောင်ရိုးတန်းလမ်း၊ ဦးဇိနဘုရား အနီးပတ်ဝန်းကျင်၌ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးမြင့်စိုး ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ
Mar 30,2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးမြင့်စိုး မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းမှ အိုင့်-သနပ်အိုင့်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် သဖန်းပင်ရိုးကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများအား ကြည့်ရှု့စစ်ဆေးပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်က  အဆိုပါကျေးရွာများတွင် ကျင်းပခဲ့ကြောင်း သိရသည်။
တာမွေမြို့နယ်အတွင်း မီးဘေးအန္တရာယ်နှင့်ပတ်သက်ပြီး စိုးရိမ်ရသော လုပ်ငန်းခွင်များအား ကွင်းဆင်းကြည့်ရှု စစ်ဆေး
Mar 30,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်း မီးဘေးအန္တရာယ်ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ တာမွေမြို့နယ်အတွင်း မီးဘေးအန္တရာယ်နှင့်ပတ်သက်ပြီး စိုးရိမ်ရသော လုပ်ငန်းခွင်များ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။