သတင်းများ

ရန်ကင်းမြို့နယ်၌ ကင်းထောက်လူငယ် သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်
Mar 30,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် ကင်းထောက်လူငယ် သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည် (၂) နာရီက ရန်ကင်းမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ် (Guest List Management System- GLMS) အသုံးပြုနည်း သင်တန်းဖွင့်ပွဲနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားများအား တက်ရောက်
Mar 30,2024
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ စီစဉ်ကြီးကြပ်မှုဖြင့်  ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့တို့၏ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် ဧည်သည်စာရင်းစီမံခန့်ခွဲမှုစနစ် (Guest List Management System - GLMS) သင်တန်းကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပုသိမ်မြို့ရှိ တည်းခိုခန်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ကန်ကြီးထောင့်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခြင်းများအား စဉ်ဆက်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိ
Mar 30,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲ အခမ်းအနားများအား မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများတွင် အစဉ်မပျက် ဆောင်ရွက်လျက်ရှိရာ  ယ‌မန်နေ့ နေ့လည် (၁) နာရီ အချိန်က အ.ထ.က ကန်ကြီး‌ထောင့်၌ ကျင်းပပြုလုပ်ခဲ့သည်။
“လောကကောင်းကျိုး သယ်ပိုးပြည့်စုံ မြတ်ရွှေတိဂုံ” ဓာတ်ပုံပြပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ
Mar 30,2024
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ခေတ်အဆက်ဆက်က မှတ်တမ်းဓာတ်ပုံများ၊ ထူးခြားထင်ရှားနေရာဌာနများနှင့် ကြည်ညိုဖွယ်ရာ ပုံတော်များကို ဘုရားဖူးလာအများပြည်သူတို့ လေ့လာကြည့်ရှုကြည်ညိုပူဇော်နိုင်ရန်အတွက် “လောကကောင်းကျိုး သယ်ပိုးပြည့်စုံ မြတ်ရွှေတိဂုံ” အမည်ရသည့် ဓာတ်ပုံပြပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်း ၇ နာရီခွဲက စေတီတော်ရင်ပြင် မြောက်ဘက်(ရာဟုထောင့်) ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေး‌အောင်နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
နေပြည်တော်ကောင်စီဝင် ဦးဟန်သူ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့် ကျေးရွာများအား ဂုဏ်ပြုဆုချီးမြှင့်နိုင်ရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Mar 30,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့် ကျေးရွာများအား ဂုဏ်ပြုဆုချီးမြှင့်နိုင်ရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပရာ ဆုစိစစ်ရွေးချယ်ရေး နာယက နေပြည်တော်ကောင်စီဝင် ဦးဟန်သူ၊ ဆုစိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲတွင် စာဖြေ ဆရာတော်များအား ကြည်ညိုခြင်းနှင့် ဩဝါဒါစရိယဆရာတော်ကြီးများအား ဆွမ်းစရိတ်ဆက်ကပ်လှူဒါန်း
Mar 30,2024
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရ ခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ သာသနာရေးဦးစီးဌာနမှ အစိုးရဓမ္မာစရိယစာမေးပွဲ ဦးဆောင်ကျင်းပလျက်ရှိသည့် အစိုးရဓမ္မာစရိယစာမေးပွဲကို မတ် ၂၉ ရက်၊ နေ့လယ် ၁၂ နာရီက အောင်ဆန်းခန်းမ စာစစ်ဌာနတွင် ပါရာဇိကကဏ္ဍပါဠိ အဋ္ဌကထာကျမ်း(ဒုတိယနေ့)ဖြေဆိုတော် မူလျက်ရှိသည့် စာဖြေဆရာတော်များအား ကြည်ညိုခဲ့ပြီး၊ ဩဝါဒါစရိယဆရာတော်ကြီးများအား ဆွမ်းစရိတ် ဆက်ကပ်လှူဒါန်းခဲ့သည်။
တွန်းဇံမြို့၌ လူနေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား
Mar 30,2024
ချင်းပြည်နယ်၊ တွန်းဇံမြို့၊ ခေါဝုန်လေးဆန်ရပ်ကွက်တွင် ယမန်နေ့ညနေ ၃ နာရီခန့်က ဆိုလာမီးနှင့်သွယ်တန်းထားသော ဝါယာကြိုး အပူလွန်ကဲရာမှ နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနား KEP Logistics ဝင်းအတွင်း မော်တော်ယာဉ်များ စုပေါင်းရပ်နားထားရှိ အခြေအနေများနှင့် ဘဏ္ဍာနှစ်အလိုက် သီးထပ်များတိုးချဲ့စိုက်ပျိုးနိုင်‌ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 29,2024
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် စက်မှုဇုံအပိုင်းရှိ မြစ်ကြီးနား KEP Logistic အသင်းပိုင်ဝင်းအတွင်း နယ်စပ်ဂိတ်မှ မန္တလေးသို့တင်ပို့သွားမည့် စက်သုံးဆီတင် ဘောင်ဆာကားကြီးများ၊ တွဲကားများ ရပ်နားထားရှိမှုအခြေအနေများနှင့် ဗလမင်းထင် စံပြစိုက်ကွင်း အတွင်း လယ်သီးထပ်ဆောင်းသီးနှံများ စိုက်ပျိုးထားရှိမှုများကို မတ် ၂၈ ရက် မွန်းလွဲ ၁ နာရီခွဲက လှည့်လည်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။