သတင်းများ

သဲကုန်းမြို့နယ်တွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ဆိုင်းဘုတ်အသစ်တင်ခြင်းမင်္ဂလာ အခမ်းအနားကျင်းပ
Apr 02,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနအမည်မှ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနအမည်သို့ ပြောင်းလဲသတ်မှတ်ခြင်းအတွက် ဆိုင်းဘုတ်အသစ်တင်ခြင်း မင်္ဂလာအခမ်းအနားအား ယမန်နေ့က အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်မြို့နယ်၌ ဒေသခံပြည်သူများအတွက် သောက်သုံးရေများလှူဒါန်းပေး
Apr 02,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ နွေရာသီသောက်သုံးရေများ စတင်ရှားပါးလာပြီးဖြစ်၍ ဒေသခံပြည်သူများ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် ပေါင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ရေသယ်ယာဥ်ဖြင့် ရေရှားပါးသော၊ ရပ်ကွက်များဖြစ်သည့် အလှပ်ကျေးရွာနှင့်‌‌ ညောင်ကုန်း‌လေးကျေးရွာများသို့သွားရောက်၍ ရေလှောင်ကန်နှင့်နေအိမ်များသို့ သောက်ရေဂါလံ(၁၆၀၀)အား ယမန်နေ့မွန်းလွဲပိုင်းကအခမဲ့ သွားရောက်လှူဒါန်းပေးခဲ့သည်။
ရွှေပြည်သာမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Apr 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးမိုးနှင့်ဝန်ထမ်းမျာက ရန်ကုန်ဘဆွေ‌ရေးသားထား‌သော မြန်မာပြည်သားစာအုပ်ဖြင့် ယမန်နေ့မွန်းလွဲ(၂)နာရီက(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပသည်။
ထားဝယ်မြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်တားဆီးရေး အသံချဲ့စက်ဖြင့် သတိပေးနှိုးဆော်
Apr 02,2024
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်တားဆီးရေးအတွက် သတိပေးနှိုးဆော်ခြင်းကို မီးသတ်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ယမန်နေ့ ညနေပိုင်းက ရပ်ကွက်များတွင်း လှည့်လည်ဆောင်ရွက်ခဲ့ကြသည်။
အလုံမြို့နယ်၌ (၃၈)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ
Apr 02,2024
၁၃၈၅ ခုနှစ်၊ တပေါင်းလဆုတ်(၈)ရက်၊  ဧပြီလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီက ၊ (၃၈)ကြိမ်မြောက် စူဋ္ဌဘွဲ့နှင်းသဘင်အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ ကွင်းကျောင်း ပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင်  စာအုပ်စာဖတ်ဝိုင်းပြုလုပ်
Apr 02,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောက်ဆည်မြို့နယ်စာရေးဆရာအသင်းနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး ယနေ့နံနက်(၁၁)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာနတွင်၊ စာရေးဆရာမခင်စောတင့်ရေးသားသည့် “ခက်ခဲကျပ်တည်းသောအချိန်မှာ စိတ်ချမ်းမြေ့စရာ” စာအုပ် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့ရှိ ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် သုတ/ရသ စာအုပ်စာစောင် လှည့်လည်ငှားရမ်းများပေး
Apr 02,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဒေသခံပြည်သူများ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ် စာစောင်များတင်ဆောင်ကာ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ ဌာနဆိုင်ရာရုံးများသို့ သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။