အလုံမြို့နယ်၌ (၃၈)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

အလုံ ဧပြီ ၂

၁၃၈၅ ခုနှစ်၊ တပေါင်းလဆုတ်(၈)ရက်၊  ဧပြီလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီက ၊ (၃၈)ကြိမ်မြောက် စူဋ္ဌဘွဲ့နှင်းသဘင်အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ ကွင်းကျောင်း ပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို  နမောတဿဂါထာတော်မြတ်ကို (၃)ကြိမ်မြောက် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မြို့နယ်ဩဝါဒစရိယဆရာတော် ဦးပဏ္ဍဝံသထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့သည်။  ဆက်လက်၍ အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းမှ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး မြို့နယ်ဥပါသကာအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုးမှ  စူဠဘွဲ့နှင်းသဘင်ကျင်းပခြင်းဆိုင်ရာ လျှောက်ထားခဲ့သည်။  

ထို့နောက် သြဝါဒစရိယဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကဆရာတော်ကြီးများ၊ စာမေးပွဲကြီးကြပ်သံဃာတော်များအား လှူဖွယ်ဝတ္ထုငွေ ဆက်ကပ်လှူဒါန်းခြင်း၊ ကျောင်းတိုက်(၈)တိုက်မှ ဓမ္မာစရိယကျမ်းပြီး သံဃာတော်များ၊ နိကာယ်ကျမ်းပြီးသံဃာတော်များ၊ စာအောင်သံဃာတော်အရှင်သူမြတ်တို့အား အောင်လက်မှတ်နှင့် ဝတ္ထုငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဆပ်ကပ်လှူဒါန်းခဲ့ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော် ဦးသုဇာတထံမှ အနုမောဒနာကထာနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှဝေကာ “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” (၃)ကြိမ်ရွတ်၍ အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်းသိရှိရသည်။

၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် အလုံမြို့နယ်စာသင်တိုက်()တိုက်ရှိ စာအောင်သံဃာတော်(၉၃)ပါး၊၂၀၂၃ ခုနှစ် စု()တွင်  နိကာယ်စာမေးပွဲအောင်မြင်သူ()ပါး၊  စု()တွင်  နိကာယ်စာမေးပွဲအောင်မြင်သူ() ပါး စုစုပေါင်း()ပါးရှိကြောင်း သိရှိရသည်။

တင်တင်ချို (ပြန်/ဆက်)