သဲကုန်း ဧပြီ ၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနအမည်မှ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနအမည်သို့ ပြောင်းလဲသတ်မှတ်ခြင်းအတွက် ဆိုင်းဘုတ်အသစ်တင်ခြင်း မင်္ဂလာအခမ်းအနားအား ယမန်နေ့က အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သဲကုန်းမြို့နယ်၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးဝင်းကိုနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက ပင့်သံဃာတော်(၅)ပါးထံမှ ပရိတ်တရားနာယူ၍ အရုဏ်ဆွမ်းနှင့်ခဲဖွယ်ချိုချဥ်များ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ယခင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနဆိုင်းဘုတ်မှ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန အမည်ရှိဆိုင်းဘုတ်အသစ်အား ပြောင်းလဲတပ်ဆင်ကာ ဆိုင်းဘုတ်အားအမွှေးနံ့သာရည်များဖြင့်ဖျန်းပတ်ကာ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆ်ိုပါကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနအနေဖြင့် လူခွန်၊ မြေခွန်များ စည်းကြပ်ခြင်းနှင့် မြေမျက်နှာပြင်တိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ကိုကျော် (ပြန်/ဆက်)