ရွှေပြည်သာမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

‌ရွှေပြည်သာ ဧပြီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးမိုးနှင့်ဝန်ထမ်းမျာက ရန်ကုန်ဘဆွေ‌ရေးသားထား‌သော မြန်မာပြည်သားစာအုပ်ဖြင့် ယမန်နေ့မွန်းလွဲ(၂)နာရီက(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးမိုးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်များအားပြောကြားပြီး မြန်မာပြည်သားစာအုပ်တွင် ကျေးရွာဓလေ့ယဉ်ကျေးမှုများ၊ မြန်မာတို့၏ချစ်စရာဓလေ့ရိုးရာများ၊ တိုင်းပြည်ချစ်စိတ်၊ နိုင်ငံချစ်စိတ်များပေါက်ဖွားလာပုံများနှင့် အတုယူစရာများကိုဝန်ထမ်းများနှင့်ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်(Community Centre)ခန်းမတွင် ရုံးဝန်ထမ်းများစာဖတ်ဝိုင်းများကိုလည်းကောင်း၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများဖြင့်လည်း‌ကောင်း အပတ်စဉ်ညွှန်ကြားချက်စာအုပ်စာစောင်များ၊ စာရေးဆရာများရေးသားထားသော အသိပညာဗဟုသုရမည့်စာအုပ်များကိုဖတ်ကြား၍ စာဖတ်ဝိုင်းများကိုပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)