သတင်းများ

ပိုင်ကျုံမြို့ မိုးနိုင်း-ညာပရော-မိကြောင်ရွာချင်းဆက်လမ်းပေါ်၌ ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း ၈၀ ရာခိုင်နှုန်း ပြီးစီး
Apr 02,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ‌ ဒေသခံပြည်သူများ သွားလာရေး ပိုမိုအဆင်ပြေလွယ်ကူစေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မိုးနိုင်း-ညာပရော-မိကြောင် ရွာချင်းဆက်လမ်း မြေသားလမ်းပေါ်တွင် သံကူကွန်ကရစ်တံတားများ တည်ဆောက်ပေးလျက်ရှိကြောင်းသိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထုတ်လုပ်ရေးဌာနခွဲ(ရန်ကုန်)၌ စာအုပ်လှူဒါန်းပွဲကျင်းပ
Apr 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းရှိပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထုတ်လုပ်ရေးဌာနခွဲ(ရန်ကုန်)၌ စာအုပ်လှူဒါန်းပွဲကိုယမန်နေ့မွန်းလွဲ ၂ နာရီတွင် ကျင်းပခဲ့သည်။
မိတ္ထီလာမြို့နယ်၌ အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးမှု တိုင်းဒေသကြီးကျန်းမာရေးမှူး ကြည့်ရှုအားပေး
Apr 02,2024
မိတ္ထီလာမြို့နယ်၌  ကုသရေးဦးစီးဌာနနှင့်  ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အသက်(၁)နှစ်မှ အသက်(၅)နှစ်အရွယ်ကလေးငယ်များအား Catch-up အမှီလိုက်နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းအစီအစဉ်ကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ရာ မန္တလေး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်နှင့်အဖွဲ့ လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်၌ ဓမ္မာစရိယစာမေးပွဲအောင်မြင်စွာ ဖြေဆိုပြီးဆုံး
Apr 02,2024
မန္တ‌လေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများကြီးကြပ်မှုဖြင့် ဓမ္မာစရိယစာမေးပွဲများကို အမှတ်(၁၃)အခြေခံပညာ အထက်တန်းကျောင်း၌ မတ်လ(၂၈)ရက်နေ့မှစတင်ဖြေဆိုလျက်ရှိရာ ယနေ့မွန်းတည့်ချိန်တွင် ကျမ်းအားလုံး ဖြေဆိုပြီးစီးသွားပြီဖြစ်သည်။
သီတက္ကန်(မြောက်)ကျေးရွာမှ ထွက်ရှိသည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ကာလအကြို အတာအိုးများ ယမန်နှစ်ကထက် ပိုမိုရောင်းအားကောင်း
Apr 02,2024
မိတ္ထီလာမြို့နယ် သီတက္ကန်(မြောက်)ကျေးရွာမှ ထွက်ရှိသည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ကာလအကြို အတာအိုးများ ယမန်နှစ်ကထက် ပိုမိုရောင်းအားကောင်းလျက်ရှိကြောင်း အိုးလုပ်ငန်းလုပ်ကိုင်သူ တစ်ဉီးထံမှ သိရသည်။
ငါ့သရောက်မြို့တွင် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Apr 02,2024
ပွင့်လင်းရာသီရောက်ရှိနေပြီး ဖြစ်ပြည်သူများ မီးဘေးအန္တယ်ရာယ်ကင်းဝေးစေရေး၊ မီးသတိပြု၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့က ငါ့သရောက်မြို့အတွင်း၊ ကျေးရွာများတွင် မြို့မီးသတ်အဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိန္တလီမြို့တွင် (၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ် ဆေးထိုးနှံပေး
Apr 02,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် (၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၁၀)နာရီမှ ညနေ(၂)နာရီအချိန်ထိ ပြည်သူ့ဆေးရုံတွင် စတင်ထိုးနှံပေးလျက်ရှိသည်။
လိပ်သိုမြို့ ကျေးလက်ကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်း ဆောင်ရွက်
Apr 02,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေပြည်သူများ၊ ကျန်းမာရေးဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍  ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကို  ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က လိပ်သိုတိုက်နယ်ကျန်းမာရေးဌာန၌ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ ကိုယ်ဝန် ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။