ဒေးဒရဲမြို့၌ ပြည်သူများ လျှပ်စစ်ဓာတ်အားများ စဉ်ဆက်မပြတ်ရရှိစေရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်
Apr 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများက ပြည်သူများ လျှပ်စစ်ဓာတ်အားများ စဥ်ဆက်မပြတ်ရရှိစေရေး၊ သဘာ၀ဘေးဒဏ်များကြောင့် ဓာတ်အားပြတ်တောက်မှုမရှိစေရန်ရည်ရွယ်၍ ပွင့်လင်းရာသီကာလတွင် ကြိုတင်ကာကွယ် စစ်ဆေးပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း ဖျာပုံ-ဒေးဒရဲ ကားလမ်းမတစ်လျောက်ရှိ (33KV)ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများအား ရှင်းလင်းလျက်ရှိကြောင်း သိရသည်။