သတင်းများ

နတ်မောက်မြို့၌ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံကွင်းဆင်းစစ်ဆေး
Apr 04,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ မြို့မစည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းအိမ်ရာနှင့် ဈေးအတွင်းရှိ ဆိုင်ခန်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ယမန်နေ့နံနက်ပိုင်းက လိုက်လံကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ပင်းတယမြို့နယ်တွင် အပူဒဏ်ကာကွယ်ရေး အသိပေးနှိုးဆော်
Apr 04,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် အပူဒဏ်ကာကွယ်ရေးအသိပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့ မွန်းလွဲပိုင်းက ပင်းတယမြို့ပေါ်ရပ်ကွက်များအတွင်းနှင့် လူစည်ကားသည့်နေရာများတွင် လိုက်လံနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ပခုက္ကူမြို့နယ်၊ အရာတော်ကျေးရွာတွင် မီးလောင်မှုကြောင့် လူနေအိမ်ငါးလုံး၊ ဈေးဆိုင်တဲသုံးလုံးနှင့် ဆိုင်ကယ်တစ်စီး ပျက်စီးဆုံးရှုံးခဲ့
Apr 04,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ဆိက္ခဝကျေးရွာအုပ်စု၊ အရာတော်ကျေးရွာတွင် ယမန်နေ့ နေ့လယ် ၁၂ နာရီ ၅၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ်ငါးလုံး၊ ဈေးဆိုင်တဲသုံးလုံးနှင့် ဆိုင်ကယ်တစ်စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ကွန်ဟိန်းမြို့၌ ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများဆောင်ရွက်
Apr 04,2024
ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၌ အသက်နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၈ အချိန်ခန့်ကစတင်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။
နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်
Apr 04,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယမန်နေ့နံနက်(၁၀)နာရီအချိန်က လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။
ရပ်စောက်မြို့နယ် အစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းမှ အသင်းသားများအား စုဆောင်းငွေပေါ် အတိုးများ ထုတ်ပေး
Apr 04,2024
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် အစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အသင်းသားများ၏ စုဆောင်းငွေအပေါ် အတိုးထုတ်ပေးခြင်းကို ယမန်နေ့က အဆိုပါသမဝါယမအသင်းရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ ငှက်ပျောသီးစိုက်ပျိုးရောင်းချသူများ အဆင်ပြေ
Apr 04,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ငှက်ပျောသီးများ စျေးကောင်းရရှိနေသဖြင့် စိုက်ပျိုးတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
နမ့်စန်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ရောက်မည့် သင်တန်းသားများကို ဂုဏ်ပြုကြိုဆို
Apr 04,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်သို့ ရောက်ရှိလာသော ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ရောက်မည့် သင်တန်းသားများကို ယမန်နေ့ ညနေ ၃ နာရီက နမ့်စန်တပ်နယ်အတွင်းတွင် လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။