ကွန်ဟိန်းမြို့၌ ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများဆောင်ရွက်

ကွန်ဟိန်း ဧပြီ ၄

ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၌ အသက်နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၈ အချိန်ခန့်ကစတင်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

အဆိုပါ ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ အသက်နှစ်လမှ တစ်နှစ်ခွဲအောက်ကလေးငယ်များ လစဥ် တစ်လခြား ပုံမှန်ကာကွယ်ဆေးထိုးနှံ ပေးခြင်း၊ တိုက်ကျွေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

ကွန်ဟိန်း(ပြန်/ဆက်)