သတင်းများ

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နွေရာသီအခြေခံစာတတ်မြောက်ရေးလုပ်ငန်း ပြည်နယ်အဆင့် နည်းပြနှင့်ကြီးကြပ်သင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်
Apr 03,2024
မွန်ပြည်နယ် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြနှင့်ကြီးကြပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပညာရေးဒီဂရီကောလိပ် ပညာညီလာခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ပညာရေးမှူးနှင့် သင်တန်းသား ဆရာ ဆရာမများ တက်ရောက်ကြသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရပ်စောက်မြို့ ဒေသဖွံ့ဖြိုးရေးအတွက် သရက်ခြံကော်ဖီခြံတို့ကို ကွင်းဆင်းကြည့်ရှု
Apr 03,2024
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများသည် ယမန်နေ့ နံနက် (၁၀) နာရီခွဲက ရပ်စောက်မြို့ UNTQUE LAWK SAWK MANGO PUBLIC Co,Ltd သရက်ခြံအား သွားရောက်ကြည့်ရှုရာ သရက်တာဝန်ခံဦးမြင့်ဦးမှ သရက်သီးစိုက်ပျိုး၊ ထုတ်လုပ်မှုအဆင့်ဆင့်တို့ကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် သရက်သီးထုတ်လုပ်သည့်စက်ရုံအတွင်း လှည့်လည်ကြည့်ရှုကြသည်။
တနိုင်းမြို့နယ်၌ ''ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန'' အမည်ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကျင်းပ
Apr 03,2024
ကချင်ပြည်နယ်၊ တနိုင်းခရိုင်ရုံးနှင့် တနိုင်းမြို့နယ်ရုံး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန အမည်အား မူလအမည်ဖြစ်သည့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန အမည်သို့ ပြောင်းလဲ၍ ဆိုင်းဘုတ်တင်ခြင်းကို ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းယောင်းမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Apr 03,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားစွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဝန်းသိုမြို့တွင် အခြေခံစာတတ်မြောက်ရေး သင်တန်းဖွင့်လှစ်
Apr 03,2024
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအားလုံး အခြေခံစာတတ်မြောက်စေရေးအတွက် အခြေခံစာတတ်မြောက်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ၁-၄-၂၀၂၄ ရက်နေ့ နံနက် (၉)နာရီ အချိန်က ဝန်းသိုမြို့အ.ထ.က(ခွဲ) တပ်နယ်မြေကျောင်းတွင် ကျင်းပသည်။
ကန်ကြီးထောင့်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အခမ်းအနားမှူး သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Apr 03,2024
ဧရာဝတီတိုင်ဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၂၅) နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပမည်
Apr 03,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ နွေရာသီကျောင်းပိတ်ရက်ကာလ ကျောင်းသား ကျောင်းသူများနှင့် ခြင်းအားကစားဝါသနာရှင် လူငယ်မောင်မယ်များ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ စီစဉ်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်ထံမှ သိရသည်။
ရွှေသောင်ယံမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်
Apr 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ယမန်နေ့နံနက်(၁၀)နာရီက အသက်(၂)လမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကိုဆောင် ရွက်ခဲ့ကြကြောင်းသိရသည်။