နမ့်စန်(တ) ဧပြီ ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်သို့ ရောက်ရှိလာသော ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ရောက်မည့် သင်တန်းသားများကို ယမန်နေ့ ညနေ ၃ နာရီက နမ့်စန်တပ်နယ်အတွင်းတွင် လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။
ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ရောက်ရန်အတွက် ရှမ်းပြည်နယ် တောင်ကြီး တပ်နယ်အတွင်းမှ ရောက်ရှိလာကြသော သင်တန်းသား(၆၉) ဦးကို နမ့်စန်တပ်နယ်မှ ဗိုလ်ချုပ်စိုးအောင် ၊ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် အရာရှိ စစ်သည် ရဲမေများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဌာနေပြည်သူ့စစ်အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူလူထုများက နမ့်စန်တပ်နယ်အတွင်းတွင် ဂုဏ်ပြုကြိုဆို၍ တပ်နယ် မိုးလုံလေလုံခန်းမအတွင်း သောက်ရေသန့်၊ အချိုရည်နှင့် မုန့်များဖြင့် ဧည့်ခံခဲ့ပြီး ညနေ ၃ နာရီခွဲချိန်တွင် သင်တန်းသားများ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)