ရပ်စောက် ဧပြီ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် အစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အသင်းသားများ၏ စုဆောင်းငွေအပေါ် အတိုးထုတ်ပေးခြင်းကို ယမန်နေ့က အဆိုပါသမဝါယမအသင်းရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရပ်စောက်မြို့နယ် အစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းတွင် အသင်းသား (၁၁၃၂)ဦးရှိပြီး ၎င်းအသင်းသားများအတွက် စုဆောင်းငွေအပေါ် အတိုးငွေကျပ် (၂၁၄.၆၉)သိန်းအား အမှုဆောင်အဖွဲ့များမှကြီးကြပ်၍ အသင်းသားများသို့ သက်ဆိုင်ရာ အသင်းဝင်ဌာန/ကျောင်းကိုယ်စားလှယ်များမှတဆင့် အသင်းသားများထံသို့ အတိုးများ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ဆုမွန်