နတ်မောက်မြို့၌ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံကွင်းဆင်းစစ်ဆေး

နတ်မောက် ဧပြီ ၄

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ မြို့မစည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းအိမ်ရာနှင့် ဈေးအတွင်းရှိ ဆိုင်ခန်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ယမန်နေ့နံနက်ပိုင်းက လိုက်လံကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် မြို့မစည်ပင်သာယာရေးအဖွဲ့ရုံး၊ ဝန်ထမ်းအိမ်ရာနှင့် မြို့မဈေးနယ်နိမိတ်အတွင်းရှိ ဈေးဆိုင်ခန်းများတွင်း လျှပ်စစ်မီးသုံးစွဲမှုအခြေအနေများ၊ သွယ်တန်းထားရှိသော လျှပ်စစ်မီးကြိုးများ ပေါက်ပြဲမှုရှိ/မရှိ မီးခလုတ်များ တပ်ဆင်ထားရှိမှု အခြေအနေများကို စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ လျှပ်စစ်စစ်ဆေးရေးဌာန (EI) မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မူမူစန်း