ပင်းတယမြို့နယ်တွင် အပူဒဏ်ကာကွယ်ရေး အသိပေးနှိုးဆော်

ပင်းတယ ဧပြီ ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် အပူဒဏ်ကာကွယ်ရေးအသိပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့ မွန်းလွဲပိုင်းက ပင်းတယမြို့ပေါ်ရပ်ကွက်များအတွင်းနှင့် လူစည်ကားသည့်နေရာများတွင် လိုက်လံနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့နယ်မီးသတ်ဦးစီးဌာနမှဝန်ထမ်းများနှင့်ပူးပေါင်း၍ ပင်းတယမြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားသည့်နေရာများ၌  နွေရာသီနှင့် ရာသီဥတုပူပြင်းသော အချိန်ကာလများတွင် အပူဒဏ်ကြောင့် ချွေးထွက်လွန်ကာ ခန္တာကိုယ်အတွင်းရှိ ရေနှင့်ဓာတ်ဆားများ ဆုံးရှုံးမှုများပြီး မိတ်နှင့် ယားဖုများထွက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးမေ့ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်ပြီး ကိုယ်အပူချိန်တက်ခြင်း၊ သတိလစ်ခြင်းတို့အပြင် အသက်အန္တရာယ်စိုးရိမ်ရသော အခြေအနေအထိဖြစ်တတ်သောကြောင့် မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အပူဒဏ်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် ထုတ်ပြန်ချက်များအား အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)