သတင်းများ

မြင်းခြံမြို့တွင် ၂၀၂၄ ခုနှစ် ပါဠိပထမပြန်(ကြီး၊လတ်၊ငယ်၊မူ) စာမေးပွဲ ပထမနေ့ စတင်ဖြေဆို
Apr 04,2024
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ၂၀၂၄ ခုနှစ် ပါဠိပထမပြန်(ကြီး၊လတ်၊ငယ်၊မူ) စာမေးပွဲပထမနေ့ကို ယမန်နေ့မွန်းတည့် (၁၂) နာရီအချိန်က မြင်းခြံမြို့ ရွှေပြည်စိုး သာသနာ့ဗိမာန်တော်တွင် ကျင်းပခဲ့သည်။
ဂွမြို့နယ်တွင် အစိုးရပါဠိ ပထမပြန်စာမေးပွဲစတင်ဖြေဆို
Apr 04,2024
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ၁၃၈၅(၂၀၂၄)ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲ(ကြီး၊ လတ်၊ ငယ်၊ မူ)တန်းများကို ရတနာသိဒ္ဓိသာသနာ့ဗိမာန်တော်ကြီးတွင် ယမန်နေ့ မွန်းတည့်(၁၂)နာရီမှစ၍ ကျင်းပဆောင်ရွက်လျက်ရှိသည်။
ကော့သောင်းမြို့တွင် ၁၃၈၅ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ကျင်းပ
Apr 04,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၁၃၈၅ ခုနှစ်၊အစိုးရပါဠိ ပထမပြန်စာမေးပွဲကြီးကို ဧပြီလ(၃)ရက်နေ့မွန်းလွဲပိုင်းက  ပြည်တော်အေးသာသနာ့ဗိမာန်တော်တွင် ပထမနေ့အဖြစ် စတင်ကျင်းပခဲ့ကြကြောင်း သိရသည်။
ဖျာပုံမြို့နယ် တင်ပုလွဲကျေးရွာတွင် ပန်းခင်းစီမံချက်(၃)အဖြစ် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်
Apr 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် တင်ပုလွဲကျေးရွာရှိ အသက်(၁၆)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ၊ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်" လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယ​မန်နေ့နံနက်ပိုင်းအချိန်က အဆိုပါ​ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ပြုလုပ်ပေးခဲ့သည်။
ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်း ကျင်းပ
Apr 04,2024
စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများနှင့် စာပေဝါသနာရှင်များက စာရေးဆရာ စိုးတင့်(ဧရာဝတီ) ရေးသားသည့် “ကံ ကံ၏အကျိုးပေးနှင့် ဖြစ်ရပ်မှန်ဝတ္ထုတိုများ”စာအုပ်ဖြင့် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲ အရှင်သူမြတ်များအား အောင်လက်မှတ်နှင့် ဆုတော်ငွေချီးမြှင့် ဂုဏ်ပြုသော စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
Apr 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ၁၃၈၄ (၂၀၂၃) ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် ​ဖြေဆိုအောင်မြင်ခဲ့ကြသော စာအောင်အရှင်သူမြတ်(၄၁)ပါးတို့အား စာအောင်လက်မှတ်နှင့် ဂုဏ်ပြုပူဇော်ငွေများ ဆက်ကပ်လှူဒါန်းသော စူဠဘွဲ့နှင်းအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်တွင် ဝါးခယ်မမြို့၊ မင်းပိုင်းရပ်ကွက်၊ ကွမ်းခြံကုန်းကျောင်းတိုက်၊ သံဃာရာမဓမ္မဗိမာန်တော်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မိတ္ထီလာမြို့နယ်တွင် မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း သုံးသပ်ဆွေးနွေးပွဲကျင်းပ
Apr 04,2024
မိတ္ထီလာမြို့နယ်တွင် မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း သုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲစတင်ဖြေဆို
Apr 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် ကွင်းခြံကုန်းကျောင်းတိုက်၌ ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။