ဂွမြို့နယ်တွင် အစိုးရပါဠိ ပထမပြန်စာမေးပွဲစတင်ဖြေဆို

ဂွ   ဧပြီ   ၄

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ၁၃၈၅(၂၀၂၄)ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲ(ကြီး၊ လတ်၊ ငယ်၊ မူ)တန်းများကို ရတနာသိဒ္ဓိသာသနာ့ဗိမာန်တော်ကြီးတွင် ယမန်နေ့ မွန်းတည့်(၁၂)နာရီမှစ၍ ကျင်းပဆောင်ရွက်လျက်ရှိသည်။

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် မြို့နယ်အတွင်းရှိဒွေမာတိကာဘာသာရပ်ကို ပထမကြီးတန်းဖြေဆိုရန် စာရင်းရှိ သံဃာတော် ၂ ပါးအနက် ဝင်ရောက်ဖြေဆိုသံဃာ၁ပါး၊ ဒွေမာတိကာဘာသာရပ်ကို ပထမလတ်တန်းဖြေဆိုရန်စာရင်းရှိ သံဃာတော် ၅ ပါးအနက် ဝင်ရောက်ဖြေဆို သံဃာ၅ပါး၊ ဘိက္ခုပါတိမောက်ဘာသာရပ်ကို ပထမငယ်တန်းဖြေဆိုရန်စာရင်းရှိ သံဃာတော် ၂ ပါးအနက် ဝင်ရောက်ဖြေဆိုသံဃာ၂ပါး၊ ဝိနည်းကျင့်ဝတ်ဘာသာရပ်ကို အစိုးရမူလတန်းဖြေဆိုရန် စာရင်းရှိ သံဃာတော် ၁၆ ပါးအနက် ဝင်ရောက်ဖြေဆိုသံဃာ၈ပါးတို့က ဝင်ရောက်ဖြေဆိုလျက် ရှိကြသည်။

ထိုသို့ အစိုးရပထမပြန်စာမေးပွဲကျင်းပနေစဥ်တွင် မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော်နှင့် ဆရာတော်ကြီးများက ကြီးကြပ်တော်မူခဲ့ကြပြီး မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော်နှင့် ကြီးကြပ်ဆရာတော်ကြီးများ၊ စာဖြေသံဃာတော်များအားခမရ(၅၆၂)အခြေပြု ဗျူဟာမှူး (ယာယီ)ဗိုလ်မှူးကြီးစောနောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇာနည်ကျော်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လှူဖွယ်ဝတ္ထုငွေများနှင့် အချိုရည်များဆက်ကပ် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်