သပိတ်ကျင်းမြို့၌ ၁၃၈၅ ခု၊ ပါဠိပထမပြန်စာမေးပွဲ ပထမနေ့စတင်ဖြေဆို
Apr 04,2024
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ပါဠိပထမပြန် စာမေးပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က သပိတ်ကျင်းမြို့အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ဝိနည်းကျင့်ဝတ်၊ သုကုမာရမဂ္ဂဒီပနီပါတိမောက်ဘာသာ၊ ဓမ္မပဒဒွေမာတိကာဘာသာ၊ ဓမ္မပဒဘာသာရပ်တို့အား စတင်ဖြေဆို ကျင်းပလျက်ရှိကြောင်း သိရသည်။