ကော့သောင်း ဧပြီ ၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၁၃၈၅ ခုနှစ်၊အစိုးရပါဠိ ပထမပြန်စာမေးပွဲကြီးကို ဧပြီလ(၃)ရက်နေ့မွန်းလွဲပိုင်းက ပြည်တော်အေးသာသနာ့ဗိမာန်တော်တွင် ပထမနေ့အဖြစ် စတင်ကျင်းပခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ စစ်ဗျူဟာအဖွဲ့အခြေချကော့သောင်းမှ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးအောင်သက်ဦးနှင့် ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများက ဆရာတော်သံဃာတော်များနှင့် စာဖြေသံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး မွန်းတည့် (၁၂)နာရီတွင် အစိုးရပါဠိပထမပြန်စာမေးပွဲကိုစတင်ကျင်းပရာ မြို့နယ်သံဃ နာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်နှင့် ကြီးကြပ်ရေးဆရာတော်ကြီးများ၊ ပုစ္ဆက၊ ဝိသဇ္ဇန ဆရာတော်ကြီးများ၊ စာထောက် စာမဆရာတော်ကြီးများ၊သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ယနေ့ပထမနေ့တွင် အခြေပြုမူလတန်းများက ဝိနည်းကျင့်ဝတ်ဘာသာ/သုကုမာရမဂ္ဂဒီပနီဘာသာ၊ ပထမငယ်တန်းများ ကဘိက္ခုပါတိမောက်ဘာသာ/ဓမ္မပဒပထမလတ်တန်းများက ဒွေမာတိကာဘာသာ/ဓမ္မပဒ၊ ပထမကြီးတန်းများက ဒွေမာတိကာဘာသာ/ဓမ္မပဒတို့ကို မွန်းတည့်(၁၂)မှ နေ့လည်(၃)နာရီထိ ဖြေဆိုလျက်ရှိပြီး ကော့သောင်းမြို့နယ် စာသင်တိုက်အသီးသီးမှ စာဖြေသံဃာများဖြစ်ကြသည့် အခြေပြု မူလတန်း(၃၀)ပါး၊ ပထမငယ်တန်း(၂၆)ပါး၊ ပထမလတ်တန်း (၂၂)ပါး၊ ပထမကြီးတန်း(၈)ပါး၊ စုစုပေါင်း (၈၆)ပါး အသီးသီးဖြေဆိုလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)