မြင်းခြံမြို့တွင် ၂၀၂၄ ခုနှစ် ပါဠိပထမပြန်(ကြီး၊လတ်၊ငယ်၊မူ) စာမေးပွဲ ပထမနေ့ စတင်ဖြေဆို

မြင်းခြံ ဧပြီ ၄

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ၂၀၂၄ ခုနှစ် ပါဠိပထမပြန်(ကြီး၊ လတ်၊ ငယ်၊ မူ)စာမေးပွဲပထမနေ့ကို ယမန်နေ့မွန်းတည့် (၁၂) နာရီအချိန်က မြင်းခြံမြို့ ရွှေပြည်စိုး သာသနာ့ဗိမာန်တော်တွင် ကျင်းပခဲ့သည်။

၂၀၂၄ ခုနှစ် ပါဠိပထမပြန်(ကြီး၊လတ်၊ငယ်၊မူ)  စာမေးပွဲတွင် မြင်းခြံမြို့နယ်အတွင်းရှိ စာသင်ကျောင်းများမှ ဝင်ရောက်ဖြေဆိုသည့် အကြီးတန်းစာမေးပွဲတွင်စာရင်းရှိ သံဃာတော်နှင့် သီလရှင်(၂၇)ပါး၊ ဝင်ရောက်ဖြေဆိုသည့် သံဃာတော်နှင့် သီလရှင်(၂၅)ပါး၊ ပျက်ကွက် (၂)ပါး၊ အလတ်တန်းစာမေးပွဲတွင် စာရင်းရှိသံဃာတော်နှင့် သီလရှင် (၄၁)ပါး၊ ဝင်ရောက်ဖြေဆို သည့် သံဃာတော်နှင့် သီလရှင် (၃၉) ပါး၊ ပျက်ကွက် (၂) ပါး၊ အငယ်တန်းစာမေးပွဲတွင် စာရင်းရှိ သံဃာတော်နှင့် သီလရှင် (၉၁)ပါး၊ ဝင်ရောက်ဖြေဆိုသည့် သံဃာတော်နှင့် သီလရှင် (၇၅) ပါး၊ ပျက်ကွက် (၁၇)ပါး၊ အခြေပြုမူလတန်းစာမေးပွဲတွင် စာရင်းရှိသံဃာတော်နှင့် သီလရှင် (၂၀၉)ပါး၊ ဝင်ရောက်ဖြေဆိုသည့် သံဃာ တော်နှင့် သီလရှင် (၁၆၆) ပါး၊ ပျက်ကွက် (၄၃) ပါး၊ ရှိကြောင်း ခရိုင်သာသနာရေးဦးစီးဌာနရုံးမှ သိရသည်။

၂၀၂၄ ခုနှစ် ပါဠိပထမပြန်(ကြီး၊လတ်၊ငယ်၊မူ) စာမေးပွဲကို ဧပြီလ (၃) ရက်နေ့မှ ဧပြီလ (၉)ရက်နေ့အထိ (၇) ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး စာဖြေသံဃာတော်များအား စေတနာရှင်အလှူရှင်များမှ ဝတ္ထုငွေနှင့် အအေးများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)