သတင်းများ

ကြံခင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ကျင်းပ
Apr 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ရွှေတောင်စုရပ်ကွက်၊ ရွှေညောင်ပင်ကျောင်းတိုက် ပညာဆီမီးဓမ္မာရုံကျောင်းအတွင်း စတင်ကျင်းပခဲ့သည်။
တာချီလိတ်မြို့၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်လျော့ချရေး ရေမှုန်ရေမွှားပက်ဖျန်းခြင်း ဆောင်ရွက်
Apr 04,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်လျော့ချရေး ရေမှုန်ရေမွှားပက်ဖျန်းခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပဖြေဆို
Apr 04,2024
ဗုဒ္ဓသာသနာ‌တော်ထွန်းကားပြန့်ပွား‌ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် သာသနာရေးဦးစီးဌာနမှ မြန်မာနိုင်ငံတစ်ဝန်းလုံး၌ နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိသည့် အစိုးရပါဠိ ပထမပြန်စာမေးပွဲအား စာစစ်ဌာနအသီးသီးတွင် ကျင်းပဖြေဆိုလျက်ရှိရာ ၂၀၂၄ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲအား ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်မှစတင်ပြီး ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ မြို့လယ်သာသနာ့ဗိမာန်တော်ကြီး စာစစ်ဌာန၌ ကျင်းပဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကွန်ပျူတာတက္ကသိုလ် (မုံရွာ) ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ
Apr 04,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ဘွဲ့နှင်းသဘင်ခန်းမ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ထပ်ဆင့်ရှင်းလင်းပွဲကို ဧပြီလ ၂ ရက်နေ့၊ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရ သည်။
တရားဝင်အသင်းအဖွဲ့မှတ်ပုံတင်ရရှိရေးနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Apr 04,2024
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့၊ နံနက်ပိုင်းက တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုကော်မတီအဖွဲ့များ တရားဝင်အသင်းအဖွဲ့မှတ်ပုံတင်ရရှိရေးနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေအရ လုပ်ပိုင်ခွင့်အပ်နှင်းထားသည့် ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ ရှင်းလင်းမှာကြားခြင်း အခမ်းအနားတက်ရောက်
Apr 04,2024
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေအရ လုပ်ပိုင်ခွင့်အပ်နှင်းထားသည့် ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ ရှင်းလင်း မှာကြားခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကျောက်တံတားမြို့နယ်တွင် မဟာသင်္ကြန်ပွဲတော် ကျင်းပရေးအကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Apr 04,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်းမတွင် မဟာသင်္ကြန်ပွဲတော်ကျင်းပရေး အကြိုမြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လည်(၁)နာရီ အချိန်က ကျင်းပသည်၊၊
သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲ ကျင်းပ
Apr 04,2024
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ကျောင်းသား/သူများ ကျောင်းသင်ခန်းစာတွင် အထောက်အကူ ဖြစ်စေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်ခဲ့သော အလယ်တန်းအဆင့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။