ဝါးခယ်မမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲစတင်ဖြေဆို

ဝါးခယ်မ ဧပြီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် ကွင်းခြံကုန်းကျောင်းတိုက်၌ ယမန်နေ့ နေ့လယ် ၁၂ နာရီ အချိန်က အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။

အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် သံဃဝန်ဆောင်ဆရာ တော်ကြီးများမှ အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆိုကြသည့် ရဟန်းသံဃာတော်များ၊ ရှင်သာမဏေ များနှင့် သီလရှင်တို့အား အနီကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် စာဖြေနေချိန်အတွင်း အအေးနှင့် ရေသန့်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမနေ့တွင် ဝါးခယ်မမြို့နယ်မှ ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်းတို့တွင် စာဖြေသံဃာ‌တော်များ၊ ရှင်သာမ‌ဏေများနှင့် သီလရှင် ဆရာလေးစုစုပေါင်း စာရင်းရှိ (၁၄၂) ပါးတွင် ဖြေဆိုသူ ရဟန်းသံဃာ၊ ရှင်သာမ‌ဏေနှင့် သီလရှင် (၁၁၅)ပါးဖြေဆိုကြောင်း၊ ပျက်ကွက်(၂၇)ပါးနှင့် အစိုးရပါဠိပထမပြန် စာမေးပွဲကို ဧပြီလ ၃ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)