ဝါးခယ်မ ဧပြီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ၁၃၈၄ (၂၀၂၃) ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသော စာအောင်အရှင်သူမြတ်(၄၁)ပါးတို့အား စာအောင်လက်မှတ်နှင့် ဂုဏ်ပြုပူဇော်ငွေများ ဆက်ကပ်လှူဒါန်းသော စူဠဘွဲ့နှင်းအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်တွင် ဝါးခယ်မမြို့၊ မင်းပိုင်းရပ်ကွက်၊ ကွမ်းခြံကုန်းကျောင်းတိုက်၊ သံဃာရာမဓမ္မဗိမာန်တော်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုပူဇော်၍ စတင်ဖွင့်လှစ်ခဲ့ပြီး ထူးမခြားနား သီချင်းခန့်သုံးပိုဒ်ဖြင့် သီကျူးပူဇော်ခြင်း၊ မြို့နယ်ပါဠိပထမပြန်စာမေးပွဲ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တဝိမလာစာရ ပုဗ္ဗာရုံကျောင်းဆရာတော် အရှင်သူမြတ်ထံက ငါးပါးသီလခံယူဆောက်တည်၍ အဖွင့်သြဝါဒကထာ နာယူကြည်ညိုခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်က သာသနာရေးဆိုင်ရာ လျှောက်ထားခြင်း၊ စာအောင်အရှင်သူမြတ် (၄၁)ပါးတို့အား အောင်လက်မှတ်နှင့် ဂုဏ်ပြုဆုတော်ငွေများ ပူဇော်ခြင်းနှင့် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံက သြဝါဒကထာနှင့် ရေစက်ချတရားနာယူကြည်ညို၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု ၃ ကြိမ်ရွတ်ဆို ဆုတောင်းကာ အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြောင်းသိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)