ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်း ကျင်းပ

ဇမ္ဗူသီရိ ဧပြီ ၄

စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများနှင့် စာပေဝါသနာရှင်များက စာရေးဆရာ စိုးတင့်(ဧရာဝတီ) ရေးသားသည့် “ကံ ကံ၏အကျိုးပေးနှင့် ဖြစ်ရပ်မှန်ဝတ္ထုတိုများ”စာအုပ်ဖြင့် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတများ အပြန်အလှန်ဆွေးနွေးနိုင်ရေးနှင့် စာပေမြတ်နိုးသူများအချင်းချင်း ချစ်ခင်စည်းလုံးမှု ပိုမိုရရှိစေရေး ရည်ရွယ်ကာ စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် စာရေးဆရာများဖြစ်သော ဦးလင်းထွဋ်(ကိုလင်း-အညာမြေ)၊ ဦးကျော်စိုး(ရွှေပြည်စိုး-မိုးကုတ်)၊ ဦးဖိုးကောင်း(သုတဘဏ်စာကြည့်တိုက်)နှင့် စာပေဝါသနာရှင်များက စာရေးဆရာစိုးတင့်(ဧရာဝတီ) ရေးသားသည့် “ကံ ကံ၏အကျိုးပေးနှင့် ဖြစ်ရပ်မှန် ဝတ္ထုတိုများ”စာအုပ်တွင် ပါဝင်သည့် အကြောင်းအရာအချက်အလက်များကို မိမိတို့၏ ဘဝအတွေ့အကြုံများနှင့်ယှဉ်ကာ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)