ဟင်္သာတ ဧပြီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဟင်္သာတမြို့၌ ယနေ့နံနက် ၈ နာရီ အချိန်က ပြည်သူများအပူဒဏ်ရှောင်ရှားနိုင်ရေး ဆောင်ရန်၊ ရှောင်ရန်နှင့် heat stroke ဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များအား သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များက အသိပညာပေး ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ လက်ကမ်းစာစောင်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး၊ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ဟင်္သာရုပ်အဝိုင်းလမ်းဆုံ၌ လည်းကောင်း၊ မန်းဘခိုင်လမ်းဆုံ၌ လည်းကောင်း၊ ဒေဝူးကုန်းတာပေါ်နှင့် စျေးတို့၌လည်းကောင်း ဟင်္သာတမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အိအိခင် ဦးဆောင်၍ အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် ထွေအုပ်ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အဖွဲ့ ၃ ဖွဲ့ခွဲကာ အပူဒဏ်ကာကွယ်နိုင်ရေး ဆောင်ရန်ဆောင်ရန် အသိပညာပေး လက်ကမ်းစာစောင် (၁၅ဝ၀)အား ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)