ကျောက်မဲမြို့တွင် ရဟန်း/သာမဏေများအား သာသနာဝင်စိစစ်ရေးကတ်ပြားများ ဆက်ကပ်လှူဒါန်း

ကျောက်မဲ ဧပြီ ၄

ရှမ်းပြည်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ အောင်ဆုပန်းဘုန်းတော်ကြီးကျောင်းသို့ နားခေါ်ကျေးရွာ စာသင်တိုက်နှင့် မိုင်းလုံမြို့ စန့်ဟိန်းဘုန်းတော်ကြီးကျောင်းတို့မှ သာသနာဝင်/နွယ်ဝင်များအား ဖိတ်ခေါ်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထင်အောင်နှင့် ဝန်ထမ်းများက ယမန်နေ့နံနက်(၁၀)နာရီအချိန်ခန့်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် သာသနာဝင်စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြိူ့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက နားခေါ်ကျေးရွာစာသင်တိုက်မှ ရဟန်း(၁)ပါး၊ သာမဏေ(၅၀)ပါး၊ သီလရှင်(၂)ပါး၊ မိုင်းလုံမြို့ စန့်ဟိန်းဘုန်းတော်ကြီးကျောင်းမှ ရဟန်း(၃)ပါး၊ သာသနာဝင်မိတ္တူရဟန်း(၁)ပါး၊ စုစုပေါင်း(၅၇)ပါးအား သာသနာဝင်စိစစ်ရေးကတ်ပြားများ ဆက်ကပ်ပေးအပ်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ပြည်သူများအတွက် ပန်းခင်းစီမံချက်များဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးနေသည့်အပြင် သာသနာတာဝန်များကို ထမ်းဆောင်နေသည့် သာသနာနွယ်ဝင်များကိုလည်း သာသနာဝင်စိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းထွန်း