မော်လိုက်မြို့နယ်ရုံးတွင် အခြေခံပန်းချီသင်တန်း၌လိုအပ်သည့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်

မော်လိုက် ဧပြီ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနရှိ (Community Centre) ခန်းမ၌ ဖွင့်လှစ်လျက်ရှိသော အခြေခံပန်းချီသင်တန်းတွင် သင်တန်းသား/သင်တန်းသူများအတွက် လိုအပ်သည့်သင်ထောက်ကူပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်း တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်နှင့် အဖွဲ့ဝင်(၃) ခရိုင် လ.၀.က ဦးစီးမှူး ဦးဝင်းကိုစိုးတို့က သင်တန်းသား/သင်တန်းသူများ၏ အခြေခံပန်းချီရေးဆွဲသင်ယူနေမှုများကို ကြည့်ရှု အားပေးခဲ့ပြီး နံရံကပ်ဘုတ်တွင် သင်တန်းသား/သင်တန်းသူများ၏ လက်ရာဖြစ်သော ပန်းချီကားချပ် များကိုလည်း ကြည့်ရှုအားပေးခဲ့ကြသည်။ အဆိုပါ အခြေခံပန်းချီသင်တန်းကို မတ်လ ၂၃ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား/ သင်တန်းသူ (၄၄)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)