ကျိုက်မရော ဧပြီ ၅
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ဒေသထွက် ကြက်မောက်သီးများ ယခုနှစ် အထွက်စောကာ လှိုင်လှိုင်သီးနေပြီးဖြစ်၍ ကြက်မောက်ခြံပိုင်ရှင်များ စျေးကောင်းရရှိရန် မျှော်လင့်နေကြသည်။
ကျိုက်မရောမြို့နယ်၊ နတ်စမ်းကျေးရွာရှိ ဒေသခံများသည် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်ကြပြီး အဓိကဒေသထွက်ကုန်ဖြစ်သည့် ဒူးရင်းခြံ၊ ကြ က်မောက်ခြံစသည့် ဝယ်လိုအားကောင်းပြီး ငွေများများရနိုင်သည့် အသီးပင်များကို စနစ်တကျ စီးပွားဖြစ်စိုက်ပျိုးကြပြီး ပေါ်ဦးပေါ်ဖျား စျေးကောင်းရချိန်တွင်ခူး၍ ရောင်းကြကြောင်း ယခုနှစ်တွင် ကြက်မောက်သီးခြံများ၌ အသီးများအထွက်စော၍ လှိုင်လှိုင်သီး နေပြီးဖြစ်ရာ သင်္ကြန်ခါတော်မီ စျေးကွက်အတွင်း စျေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း ယိုးဒယား ကြက်မောက်ခြံအများဆုံး ပိုင်ဆိုင်သည့် ဒေါ်စမ်းမော်ထံမှ သိရသည်။
ယခင်နှစ်ကတော့ ယိုးဒယားကိုင်းဆက်သီးတွေ ယခုချိန်စပေါ်နေပြီး အလုံးတစ်ရာပါ အစီး တစ်စည်းကို တစ်သောင်းခန့်အထိ စျေးရပြီး ယခုနှစ်ကတော့ မိုးနည်းသဖြင့် သီးအားလည်းကောင်းပါတယ် ယိုးဒယားမျိုးတစ်ပင်ကို (၈၀၀၀)ကျပ်ဖြင့် ဇွန်လဆန်းပိုင်းတွင် စတင်စိုက်ပျိုးကြပြီး ကြက်မောက်သီးပင်က နှစ်ရှည်ပင်လည်းဖြစ်၍ သက်တမ်း(၆) နှစ်ကြာထိစောင့်ရပြီး သီးပီးဆိုလျင်လည်း စျေးကောင်းရ၍ ဝင်ငွေကောင်းသည့် သီးနှံ ဖြစ်ကြောင်း သိရသည် ။ နတ်စမ်းဒေသထွက် ယိုးဒယားကြက်မောက်သီးက အနီရောင်ဖြစ်ပြီး ဗမာသီးကတော့ အဝါရောင်ဖြစ်ကာ ယိုးဒယားသီးလောက်တော့အချိုမစူး၍ လူကြိုက် နည်းပါတယ်၊ ယိုးဒယားကိုင်းဆက်သီးဆိုလျင် တစ်လုံးကိုအနည်းဆုံး တစ်ရာကျပ်ရကာ အလုံးတစ်စီးကို တစ်သောင်းကျပ်ရကြောင်း ကြက်မောက်သီးစီးပွားဖြစ် စိုက်ပျိူးသူ ဒေါ်စမ်းမော်ထံမှ သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)