ညောင်တုန်းမြို့နယ်တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာဖြေသံဃာတော်များအား လှူဖွယ်ဝတ္တုများဆက်ကပ်လှူဒါန်း

ညောင်တုန်း ဧပြီ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုတော်မူကြသည့် စာဖြေသံဃာတော်များအား လှူဖွယ်ဝတ္တုများကို ယမန်နေ့ မွန်းလွဲပိုင်းက ရွှေဟင်္သာတောရကျောင်း၊ ရာပြည့်ဗိမာန်တွင် ဆက်ကပ်လှူဒါန်းခဲ့သည်။

ထိုသို့ဆက်ကပ်လှူဒါန်းရာတွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုတော်မူကြသည့် စာဖြေသံဃာတော်များနှင့် မြို့နယ်သံဃာ့နာယကအဖွဲ့၊ ကြီးကြပ်ဆရာတော်များအား တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသော လှူဖွယ်ဝတ္ထုများကို မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ဆက်ကပ်လှူဒါန်းခဲ့ပြီး စာမေးပွဲဖြေဆိုသည့်ကာလအတွင်း အဆင်ပြေအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ညှိနှိုင်းပေါင်းစပ်ကူညီဆောင်ရွက်ပေးခဲ့‌သည်။

ညောင်တုန်းမြို့နယ်တွင် အစိုးရဓမ္မာစရိယဖြေဆိုသံဃာ (၄၄)ပါးနှင့် ပါဠိပထမပြန်စာမေးပွဲ ပထမကြီး တန်း (၂၈)ပါး၊ ပထမလတ်တန်း(၂၁)ပါး၊ ပထမငယ်တန်း(၄၅)ပါး၊ အခြေပြုမူလတန်း(၇၂)ပါး စုစုပေါင်း စာဖြေ သံဃာ (၂၁၀)ပါး စာရင်းသွင်းဖြေဆိုလျက်ရှိကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရ သည်။

မြို့နယ်(ပြန်/ဆက်)