ပုသိမ်မြို့တွင် ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကျင်းပ

ပုသိမ် ဧပြီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ သာသနာ့ဗိမာန်တော်ကြီးနှင့် ကျောင်းထိုင်ဘုန်းကြီးကျောင်းတို့တွင် ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ဧပြီလ ၃ ရက်နေ့မှစတင်ကာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပရိယတ္တိသာသနာထွန်းကားပြန့်ပွားစေရေးအတွက် ရည်ရွယ်၍ ပါဠိပထမပြန်စာမေးပွဲများကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပြီး ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်းနှင့် အခြေပြုမူလတန်းတို့ကို ​ပုသိမ်မြို့ရှိ ကျောင်းတိုက်အသီးသီးမှ စာဖြေသံဃာများ ဝင်ရောက်ဖြေဆိုခဲ့ကြသည်။ စာမေးပွဲများကို ဧပြီလ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်ဟန် (ပြန်/ဆက်)