မန္တလေးတိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များပေးအပ်ပွဲပြုလုပ်
Apr 08,2024
မန္တလေးတိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်များပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်းသင်းဝေ၊ စည်ပင်သာယာရေးဝန်ကြီး ဦးးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ ဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းအတွင်းရှိ ခရိုင်အုပ်ချုပ်ရေးမှူးများ စုစုပေါင်း ၁၅၀ ဦး ခန့် တက်ရောက်ကြသည်။