သတင်းများ

စစ်ကိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကလေးသူငယ်အခွင့်အရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး ဟောပြောဆွေးနွေးပွဲကျင်းပ
Apr 08,2024
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား ဖိတ်ခေါ်၍ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်/လူရွယ်များဖြစ်လာစေရန် ကလေးသူငယ်အခွင့် အရေးနှင့် ကလေးအလုပ်သမား ပပျောက်ရေးဟောပြောဆွေးနွေးပွဲကို ယနေ့ နံနက်(၇)နာရီခွဲက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ကလေးမြို့တွင် ပါဠိပထမပြန်စာမေးပွဲများ ဆက်လက်ဖြေဆို
Apr 08,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၌ ၂၀၂၄ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲများကို မတ်လ ၂၈ ရက်မှ စ၍ စကားလှဘုန်း‌တော်ကြီးကျောင်း၊ မြို့မဓမ္မာရုံစာဖြေဌာန တွင် ယမန်နေ့ နံနက်ပိုင်းက ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကြံခင်းမြို့နယ်တွင် ပန်းခင်းစီမံချက် (၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Apr 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က ကြံခင်းမြို့နယ်၊ ကြံတောကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြသည်။
သပိတ်ကျင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲကျင်းပ
Apr 08,2024
နိုင်ငံတော်အတွက် နိုင်ငံ့သားကောင်းပီပီ အလုပ်အကျွေးပြုနိုင်ရန် မွန်မြတ်သော ရည်ရွယ်ချက်များဖြင့် တပ်မတော်သို့ ဝင်ရောက်လာသည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများ၏ အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၇)နာရီခွဲက မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ အမှတ် (၂) စစ်အခြေခံလေ့ကျင့်ရေးတပ် စစ်ရေးပြကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
ကော့သောင်းမြို့တွင် အစိုးရပါဠိပထမပြန်စာမေးပွဲဆဋ္ဌမနေ့ဖြေဆို
Apr 08,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၁၃၈၅ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို ဧပြီလ(၃)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့ထိ ပြည်တော်အေးသာသနာ့ဗိမာန်တော်တွင် ကျင်းပလျက်ရှိရာ ဆဋ္ဌမနေ့အဖြစ် ပထမလတ်တန်းများက ဘာသာပြန်ဘာသာ၊ ပထမကြီးတန်းများက ပဋ္ဌာန်းကုသလတိက်ဘာသာတို့ကို ဖြေဆိုလျက်ရှိသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် စာဖတ်ဝိုင်းဆောင်ရွက်
Apr 08,2024
ယနေ့ခေတ် လူငယ်လူရွယ်များ စာဖတ်ရှိန်မြင့်မားစေရန်နှင့် စာပေဗဟုသုတကြွယ်ဝစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် ၁၁ နာရီက စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Youth Club အသင်းတို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။
တောင်ကြီးမြို့၌ ၂၀၂၄ ခုနှစ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲ ကျင်းပ
Apr 08,2024
ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၄ ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲကို ယနေ့ နံနက် (၉) နာရီခွဲက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ ပြည်သူ့စစ်မှုထမ်းသင်တန်းဖွင့်ပွဲသို့ တက်ရောက်ချီးမြှင့်
Apr 08,2024
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၇)နာရီခွဲက တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းစစ်ရေးပြကွင်း၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ တပ်မတော်နည်းပညာနှင့် သိပ္ပံကျောင်းမှတာဝန်ရှိသူများ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စစ်မှုထမ်းဟောင်းအဖွဲ့များ တက်ရောက်ကြသည်။