ဆင်ပေါင်ဝဲမြို့၌ အခြေခံဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်
Apr 08,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ယနေ့နံနက် ၉ နာရီအချိန်က အခြေခံဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ သင်တန်းကို တောင်တွင်းကြီးမြို့နယ် ဗိဿနိုးရှေ့ဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှင်အပါး (၅၀၀၀)ရှင်ပြုမင်္ဂလာအခမ်းအနား၌ သာမဏေအဖြစ် သွတ်သွင်းချီးမြှောက်ခံရသည့် ရှင်သာမဏေများ သင်တန်းတက်ရောက်ခဲ့ကြောင်း သိရသည်။