သတင်းများ

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ
Apr 08,2024
ရန်ကုန်တိုင်း‌ဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့တို့က စာရေးဆရာမ မစန္ဒာရေးသားထားသည့် “‌ရေခဲခြစ်နှင့်ရေခဲချစ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
ထန်းတပင်မြို့နယ်တွင် အဘိတ်ဆေးခတ်ခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အသိပညာပေးလုပ်ငန်းများ စု‌ပေါင်းဆောင်ရွက်
Apr 08,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် အဘိတ်ဆေးခတ်ခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရှိ အောင်ချမ်းသာရပ်ကွက်အတွင်းသို့ အသိပညာ ပေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့၌ အခြေခံစက်ချုပ်နည်းပညာ (မွမ်းမံ) သင်တန်းဆင်းပွဲကျင်းပ
Apr 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေပြီး မိသားစုဝင်ငွေ တိုးတက်ရရှိစေရန်နှင့် အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အခြေခံစက်ချုပ်နည်းပညာ (မွမ်းမံ) သင်တန်းဆင်းပွဲကို ယနေ့ နံနက် (၁၀) နာရီခွဲအချိန်က ဖျာပုံခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်၌ (၂၀၂၄)ခုနှစ် နွေရာသီ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ
Apr 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ (၂၀၂၄) ခုနှစ် နွေရာသီ အခြေခံစာတက်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉) နာရီက ရွှေပေါက်ကံမြို့သစ်ရှိ မြို့ဦးကျောင်းဓမ္မာရုံနှင့် ပုရွတ်ဆိတ်ကုန်းရပ်ကွက်ရှိ ဓမ္မောဒယ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ဌာနဆိုင်ရာ အမျိုးသမီးများအား အခမ်းအနားမှူးသင်တန်းဖွင့်လှစ်သင်ကြား
Apr 08,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖြူးမြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ယနေ့ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနတွင် အခမ်းအနားမှူး သင်တန်းဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
လွိုင်ကော်မြို့၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်
Apr 08,2024
ကယားပြည်နယ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
သဲကုန်းမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းစတင်ဆောင်ရွက်
Apr 08,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ငယ်စဉ်က မူလတန်းပညာကို ပြီးဆုံးအောင် မသင်ကြားခဲ့ရသူများနှင့် ကျောင်းမနေခဲ့ရသည့် စာမတတ်သူများ စာတတ်မြောက်လာကြစေရန် ၊ ပြည်သူလူထုကို အခြေပြုသော အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို ဧပြီလ ၆ ရက်​နေ့စတင်၍ သဲကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများရှိ စာသင်ဝိုင်းများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နောင်ချိုမြို့နယ်၊ မဏိရတနာဓမ္မာရုံတွင် စူဠဘွဲ့နှင်းသဘင်နှင့် စာအောင်ဆုများ ဆက်ကပ်ပွဲကျင်းပ
Apr 08,2024
၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်ခဲ့သည့် နောင်ချိုမြို့နယ်မှ ရဟန်း၊ ဿာမဏေ၊ သီလရှင်များအား စာအောင်ဆုနှင့် အောင်လက်မှတ်များ၊ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က တောင်ရပ်ကွက် မဏိရတနာဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။