မိုင်းခုတ်မြို့၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Apr 09,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး၊ တောမီးနှင့် အခြားမီးလောင်ကျွမ်းမှုများ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က စတင်ကာ ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်း၍ အမှတ် (၂) ရပ်ကွက် နောင်တုံဘုန်းတော်ကြီးကျောင်း(နောင်တုံ) ၊ဝမ်ကောင်းအုပ်စု ပူကျွဲ (၂) ကျေးရွာနှင့် မိုင်းနင်းအုပ်စု လိုက်ခါးကျေးရွာတို့တွင် အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။