ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

ဒဂုံတောင် ဧပြီ ၈

ရန်ကုန်တိုင်း‌ဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့တို့က စာရေးဆရာမ မစန္ဒာရေးသားထားသည့် “‌ရေခဲခြစ်နှင့်ရေခဲချစ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

စာဖတ်ဝိုင်းတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်း‌အေးက စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားသည်။

ထို့နောက် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များဖြစ်ကြသည့် စာရေးဆရာနေလင်း(ဘာသာပြန်)၊ စာရေးဆရာ ထီလာကျော်၊ စာရေးဆရာ သက်ဝေမောင်၊ စာရေးဆရာနေစိုးသော်နှင့် စာရေးဆရာမမသက်နှံ(ပေါက်)တို့က “ရေခဲခြစ်နှင့်ရေခဲချစ်” စာအုပ်ပါမိသားစုများ၏ ဘဝဇာတ်ကြောင်းများ၊ ဆရာမ၏လက်တွေ့ဘဝရေးသားမှုကောင်းမွန်ပုံများ၊ သင်ခန်းစာယူစရာအကြောင်းအရာများ၊ ရေခဲခြစ်စားပါက ဖျားနိုင်ပြီး အိမ်ထောင်ဦးစီကိုရေခဲ၏ ရေခဲကဲ့သို့ အေးစက်လွန်းသဖြင့် ဇနီးမယားမှ ရုန်းကန်လှုပ်ရှားရမှုများကို သင်ခန်းစာယူစရာ ဖတ်ချင်စဖွယ် ဇာတ်လမ်း၊ ဇာတ်ကွက်များဖြင့် ဖန်းတီးထားရှိရာ ဖတ်ရှုသင့်သော စာအုပ်ဖြစ်ကြောင်းများ ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသည့် ပြန်လည်ဆွေးနွေးကြကြောင်း သိရသည်။

သန်းသန်းအေး