မြောက်ဥက္ကလာပ ဧပြီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ (၂၀၂၄) ခုနှစ် နွေရာသီ အခြေခံစာတက်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉) နာရီက ရွှေပေါက်ကံမြို့သစ်ရှိ မြို့ဦးကျောင်းဓမ္မာရုံနှင့် ပုရွတ်ဆိတ်ကုန်းရပ်ကွက်ရှိ ဓမ္မောဒယ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်လောဟာက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်မို့မို့ခိုင်က ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာနမှ ပေးအပ်သည့် သင်ထောက်ကူစာအုပ်၊ စာရေးကိရိယာပစ္စည်းများကို စာသင်သားသင်ယူသူများထံသို့ ပေးအပ်ခဲ့သည်။
အဆိုပါ နွေရာသီ အခြေခံစာတက်မြောက်ရေးလုပ်ငန်းကို ပြည်သူများ လူမှုဘဝမြင့်မားရေး အတွက် အခြေခံစာတတ်မြောက်ရန်နှင့် တာဝန်သိနိုင်ငံသားကောင်းဆိုင်ရာ အခြေခံ အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး ဧပြီလ (၈) ရက်နေ့မှ မေလ (၁၅) ရက်နေ့အထိ မြို့နယ်ပညာရေးမှူး ကြီးကြပ်မှုဖြင့် နည်းပြများမှ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)