ထန်းတပင် ဧပြီ ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် အဘိတ်ဆေးခတ်ခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရှိ အောင်ချမ်းသာရပ်ကွက်အတွင်းသို့ အသိပညာ ပေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးကွင်းဆင်းဆောင်ရွက်ရာတွင် အောင်ချမ်းသာရပ်ကွက်အတွင်းရှိ နေအိမ်များသို့ သွားရောက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေး ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ နေအိမ်များအတွင်း ရေစည်၊ ရေကန်၊ ရေအိုးများ၊ ဘုရားပန်းအိုးများတွင် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ပိုးလောက်လန်းများ ရှာဖွေခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများ အပြင် ခြင်များ ပေါက်ပွားမှုမရှိစေရန် ပတ်ဝန်းကျင်သန့်ရှင်းရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ကျန်ရှိသောရပ်ကွက်များကိုလည်း အလှည့်ကျစနစ်ဖြင့် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)