နောင်ချိုမြို့နယ်၊ မဏိရတနာဓမ္မာရုံတွင် စူဠဘွဲ့နှင်းသဘင်နှင့် စာအောင်ဆုများ ဆက်ကပ်ပွဲကျင်းပ

နောင်ချို ဧပြီ ၈

၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်ခဲ့သည့် နောင်ချိုမြို့နယ်မှ ရဟန်း၊ ဿာမဏေ၊ သီလရှင်များအား စာအောင်ဆုနှင့် အောင်လက်မှတ်များ၊ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က တောင်ရပ်ကွက် မဏိရတနာဓမ္မာရုံ၌  ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ဧည့်ပရိသတ်များက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး နောင်ချိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစည်သူလင်းနှင့် ပါဠိပထမပြန်စာ‌မေးပွဲကြီးကြပ်ရေးအဖွဲ့များက စာအောင်ရဟန်း၊ သာမဏေ၊ သီလရှင်များအား စာအောင်လက်မှတ်နှင့် လှူဘွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့သည်။

နောင်ချိုမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်တွင် ဓမ္မာစရိယအောင် ၁ ပါး၊  ဝိနယဝိဒူ ၁ ပါး၊ ပထမကြီးတန်း ၁ ပါး၊ ပထမလတ်တန်း ၁ ပါး၊ ပထမငယ်တန်း ၁၀ ပါး၊ အခြေပြုမူလတန်း ၂၀ ပါး စုစုပေါင်း ၃၄ ပါးအား တာဝန်ရှိသူများက စာအောင်ဆုနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။    

ထွေးငယ်(ပြန်/ဆက်)