ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ဌာနဆိုင်ရာ အမျိုးသမီးများအား အခမ်းအနားမှူးသင်တန်းဖွင့်လှစ်သင်ကြား

ဖြူး ဧပြီ ၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖြူးမြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ယနေ့ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနတွင် အခမ်းအနားမှူး သင်တန်းဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အခမ်းအနားမှူးသင်တန်းတွင် ဖြူးမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဒေဝီမေက အခမ်းအနားမှူး တစ်ယောက်အနေဖြင့် အမျိုးသမီးငယ်ဝန်ထမ်းများ တတ်ထားသင့်ကြောင်းကို ပြောကြားပြီး ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်အိမာဟိန်းက သင်တန်းပြုလုပ်ပေးရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

သင်တန်းသို့ တက်ရောက်လာကြသည့် မြို့နယ်အမျိုးသမီးရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအချို့မှ ဝန်ထမ်းအမျိုးသမီးသင်တန်းသူ (၁၃) ဦးအား သင်တန်းနည်းပြ ဒေါ်နန်းကေသီက အခမ်းအနားမှူးတစ်ဦးတွင် ရှိရမည့်အဓိက အရည်အချင်းများ၊ ရုပ်ပိုင်းဆိုင်ရာ၊ ဝတ်စားဆင်ယင်မှု၊ ကြိုတင်ပြင်ဆင်မှု၊ ဆောင်ရန်/ ရှောင်ရန်များ၊ အသံပိုင်းဆိုင်ရာများ၊ မိုက်အသုံးပြုမှု၊ ခန်းမအတွင်း/ ခန်းမအပြင် အခမ်းအနားအမျိုးအစားအလိုက် အခမ်းအနားမှူးတစ်ဦးအနေဖြင့် အသုံးအနှုန်းဝေါဟာရများ၊ အခမ်းအနားအစီအစဉ်များ၊ အခမ်းအနားစတင်ရာတွင် ကြိုတင်ပြင်ဆင်ထားရမည့် စကားစသည့် သင်ခန်းစာများကို သင်တန်းကာလ (၁) ရက်အတွင်း စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)