ချောင်းသာ ဇူလိုင် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားစေရေးအတွက် ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်သီနွယ်အေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားစေရေး၊ သင်ကြားသင်ယူမှု အရည်အသွေး မြှင့်တင်ရေး၊ ကျောင်းသား၊ ကျောင်းသူများအား စနစ်တကျ လေ့ကျင့်သင်ကြားပေးရေးနှင့် ဘာသာရပ်အလိုက် အားနည်းချက်များကို ဖော်ထုတ်ကာ ထိရောက်သော သင်ကြားရေးနည်းလမ်းများဖြင့် ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများက သင်ကြားရေးအတွေ့အကြုံများကို မျှဝေဆွေးနွေးခဲ့ကြပြီး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှု ပိုမိုတိုးတက်စေရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ချမှတ်ခဲ့ပြီး ကျောင်းသား၊ကျောင်းသူများကသိရှိလိုသည့်အကြောင်းအရာများကို မေးမြန်းခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မျိုးဝင်း (ပြန်/ဆက်)