ငါန်းဇွန်မြို့နယ်တွင် ဆောင်းကုလားပဲ တောင်သူပညာပေးစံပြကွက် ကွင်းသရုပ်ပြပွဲ ပြုလုပ်
Feb 18,2024
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၌ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန်နှင့် သီးထပ်သီးညှပ်စိုက်ပျိုးမှု ပိုမိုစိုက်ပျိုးလာနိုင်ရန်အတွက် ရွာသစ်ကျေးရွာအုပ်စု ကွင်းအမှတ် (၉၁၇/၁၅၄၉)၊ ဦးပိုင်အမှတ်(၁၀၈)၊ တောင်သူဦးဖိုးခွား၏ ဆောင်းကုလားပဲ စံပြစိုက်ခင်း (၂.၀၀) ဧကတွင် ယနေ့ နံနက် ၉ နာရီက တောင်သူနည်းပညာပေး ကွင်းသရုပ်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။